Saturday, February 5, 2011

ကထိန်

ကထိန်ခင်း
ဝါဆိုလပြည့်ကျော် (၁)ရက်နေ့၌ ဝါကပ်၍ (ဝါမပျက်စေဘဲ) သီတင်းကျွတ်လပြည့်နေ့၌ ပဝါရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်၌ သင်္ကန်းတစ်ထည် ဖြစ်စေ၊ အများဖြစ်စေ "ဣမံ စီဝရံ သံဃဿ ဒေမိ" ဤသင်္ကန်းကို သံဃာတော်များအား လှူဒါန်းပါ၏" ဟု လျှောက်ထား၍ လှူရ၏ ။သင်္ကန်းကို သင်္ကန်းမရှိသော ရဟန်းအား ပေး၍ ထိုရဟန်းက (ဝိနည်းထုံးစံအရ) ကထိန်ခင်းရ၏ ။ သံဃာအားလုံး သင်္ကန်းပြည့်စုံလျှင် အကြီးဆုံးမထေရ်အား ပေး၍ ထိုမထေရ်ကြီးက ကထိန်ခင်းရ၏ ။ ထိုကထိန်ကို ဝမ်းမြောက်ကြေနပ်ပါကြောင်းပြောသော ရဟန်းများလည်း ကထိန်ခင်းသော ရဟန်းနှင့်အလားတူ ရသင့်သော အကျိုးများကို ရကြ၏ ။ ရသင့်သော အကျိုးများကို စာလာအတိုင်း သိလိုသူတို့ စာတော်သော ဆရာသမားထံ မေးကြပါလေ။

ယခုခေတ်ကထိန်
အစပထမ၌ ကထိန်အလှူသည် သင်္ကန်းအလှူပင်ဖြစ်၏ ။ နောက်မှ သင်္ကန်း၏အခြံအရံအဖြစ်ဖြင့် အခြားလှူဖွယ် အများပါဝင်လာ၏ ။ ထိုအခြားလှူဖွယ်များတွင် ကျောင်းတွင် မရှိမဖြစ်သော ပစ္စည်းမျိုးဆိုလျှင် သင့်တော်ပါသေး၏။ ယခုသော် ပဒေသာပင်သီး၍ လှပအောင် တိုလီမိုလီ ကလေးတွေ များလှ၏ ။ ပဒေသာပင်တစ်ပင်လျှင် (၅၀) တန် ၊(၁၀၀) တန် စသည်ဖြင့် ဂုဏ်ယူကြ၏ ။ ကျောင်းရောက်သော် အသုံးမကျလှ။ လူတွေမှာလည်း အကုန်မနည်းချေ။ ဒီအထဲမှာ ပွဲတွေ ကိုလည်း ထည့်လိုက်ရသေး၏ ။ ပွဲလမ်းအတွက် ကုန်ကျစရိတ်နှင့် အသုံးမဝင်သော တိုလီမိုလီ အတွက် ကုန်ကျငွေကို နုတ်လိုက်လျှင် ကျောင်း၌ အသုံးဝင်သော သင်္ကန်း စသည်၏ တန်ဖိုးမှာ ငါးပုံတစ်ပုံမျှ ပါကောင်းပါပေလိမ့်မည်။
ဤကထိန်ပွဲတွင် အသားတင် အကျိုးရကြသူတို့ကား စောင်၊ ကော်ဇော၊ ဓါတ်မီး စသော နိုင်ငံခြားပစ္စည်းရောင်းသူ နိုင်ငံခြား ကုန်သည်ကြီးများပင်တည်း။ မှန်၏ ။ ကထိန်ခေတ်၌ နိုင်ငံခြားဆက်ရသော ငွေတွေမှာ သိန်းပေါင်းအတော်များများပင် ရှိပေလိမ့်မည်။ ရန်ကုန်မြို့၌ ကထိန်လှည့်လည်သည်ကို ကြည့်ရှု့နေသော ပေါက်ဖေါ်သူဌေးတစ်ယောက်က မြန်မာလူကြီးတစ်ယောက်အား "ခင်ဗျားတို့လည်း အရမ်းမဲ့ အလှူတွေ မရှိလျှင်၊ ကျွန်တော်တို့လည်း ဘိန်းရှုသူတွေ မရှိလျှင် ကြွယ်ဝချမ်းသာသော နိုင်ငံ ဖြစ်မည်ဟု ပြောသတဲ့။

ဉတ်မကြီး
ယခုခေတ် ကထိန်ခင်းကြရာ၌ " ညှပ်မကြီး" ခေါ်သော လှူဖွယ်ပစ္စည်းများ သီးခြားပါလာသည်ကို တွေ့ရ၏ ။ ကထိန်ခင်းမည့် သင်္ကန်းကို မရှိနွမ်းပါးသော ရဟန်းအား (သို့မဟုတ်) အကြီးဆုံးမထေရ်အား ပေးသည့်အခါ " ဉတ်" ဟုခေါ်သော ပါဠိတစ်မျိုးဖြင့် ပေးရ၏ ။ ထိုသင်္ကန်းကို " ဉတ်သင်္ကန်း" ဟု ခေါ်ကြ၏ ။ ထို ဉတ်သင်္ကန်း၏ အခြံအရံဖြစ်သော လှူဖွယ်များကို "ဉတ်မကြီး" ဟု ခေါ်ကြသည်။ ယခုအခါ ညှပ်မကြီး ဟု တချို့က ခေါ်နေကြသည်။ ထို ဉတ်မကြီးတွင် ပါဝင်သော ပစ္စည်းများသည် အလှူ့ဒကာများက " မည်သည့်ပစ္စည်းသည် ကျောင်းတိုက် သံဃိကပါဘုရား၊ မည်သည့်ပစ္စည်းက ဉတ်သင်္ကန်း ခံယူသော ပုဂ္ဂိုလ် အတွက်ပါဘုရား" ဟု ခွဲခြား၍ မလျှောက်လျှင် အားလုံးပစ္စည်းများ ဉတ်သင်္ကန်း ရသူနှင့်သာဆိုင်၏ ။

ဉတ်မကြီးရသူ
ယခုခေတ်၌ကား သင်္ကန်းရှားပါးသူတို့ မရှိသောကြောင့် အများအားဖြင့် အကြီးဆုံးသောပုဂ္ဂိုလ် ဉတ်သင်္ကန်း ပေးကြရ၏ ။ ဉတ်မကြီး ပစ္စည်းများလည်း ပုဂ္ဂိုလ်ကြီးသာ ရလေ့ရှိ၏ ။ ထိုသို့ရရာ၌ အကြီးပုဂ္ဂိုလ်သည် တိုက်တာသံဃာ အားလုံးကို ကြည့်ရှု့ကျွေးမွေးနေသော ပုဂ္ဂိုလ်ဖြစ်လျှင် တော်ပါသေး၏ ။ သူတစ်ပါးတည်း ခံစားနေသော ပုဂ္ဂိုလ်ဖြစ်လျှင် ထိုအလှူမျိုးသည် စနစ်မကျချေ။ ယခုအခါ များစွာသော ကျောင်းတိုက်တို့၌ အကြီးပုဂ္ဂိုလ်ဆိုတိုင်းလည်း သံဃာနှင့် ဝေမျှ သုံးစွဲသော ပုဂ္ဂိုလ် မဟုတ်ချေ။

သံဃိကစစ်မှကထိန်မြောက်
"ကထိန်သင်္ကန်း" ဟူသည် ဆရာတော်တစ်ပါး၊ ကျောင်းထိုင်ဘုန်းကြီး တစ်ပါးမျှကို ရည်စူး၍ လှူရသော သင်္ကန်းမဟုတ်။ သံဃာတော်အားလုံး ကို ရည်စူးမှ (တတ်နိုင်ပါလျှင် တစ်သာသနာလုံးရည်စူးမှ) သံဃိက အစစ် ဖြစ်နိုင်၏ ။ ယခုကာလ၌ကား မိမိကြည်ညိုသောဆရာတော် ကျောင်းထိုင်ဘုန်းကြီးကို ရည်စူး၍ ကထိန်သင်္ကန်း လှူမိတတ်၏ ။ ထိုသို့ ပုဂ္ဂိုလ်တစ်ပါးကို ရည်စူးထားလျှင် သံဃိက မဟုတ်။ သံဃိက မဟုတ်ပြန်လျှင် ကထိန်သင်္ကန်း အရာလည်းမဝင်နိုင်။ ဉတ်မကြီး၌ ထည့်ထားသော လှူဖွယ်များလည်း နဂိုကပင် ဆရာတော်အား ရည်စူးပြီး ဖြစ်တတ်လေ၏ ။ ထိုသို့ဖြစ်လျှင် အားလုံးသံဃိက အလှူမဟုတ်။ ပုဂ္ဂိုလ်တစ်ပါးအတွက် ပုဂ္ဂလိကသာ ဖြစ်နေပေလိမ့်မည်။ထို့ကြောင့် ကထိန်ခင်းရာ၌ ဆရာတော်များသည် သံဃိက စစ်စစ် ဖြစ်အောင် ဟောပြောသင့်၏ ။ သင်္ကန်းများကို အခြားကျောင်းတိုက်မှ ပင့်ထားသော သံဃာများအား ခွဲခြား၍ လှူလိုသေးလျှင် ဤကျောင်းတိုက်ရှိ သံဃာများကျေနပ်အောင် ခွင့်တောင်းပြီးမှသာ လှူရလိမ့်မည်။ သို့မဟုတ်လျှင် ရေစက်ချစဉ်ကပင်၊ ဤကျောင်းတိုက်အတွက် သံဃိက၊ ပင့်သံဃာများအတွက် ပုဂ္ဂလိက ဟု ခွဲခြားလှူဒါန်းသင့်သည်။ ဤအကြောင်းအရာများကို လူအများနားလည်မည် မဟုတ်သောကြောင့် ဆရာသမားတို့က နားလည်အောင် ပြောပြသင့်ကြပါသည်။

လက်တွေ့အပြစ်
ကထိန်ခင်းခြင်း၏ စည်းကမ်းမကျမှု့ကြောင့် မျက်မြင်အပြစ်များ တွေ့နေရသည်မှာ သံဃာ အနည်းငယ်သာရှိသော ကျောင်း၌ မဲကျသောကြောင့် တစ်ထောင်တန် ဉတ်မကြီးဖြင့် အတီးအမှုတ် ပွဲလမ်းသဘင် ကျင်းပ၍ တပျော်တပါး သွားကြ၏ ။ ကထိန်ပြီးလျှင်ထိုကျောင်း၌ ဓားပြတိုက်သည်ဟု ကြားရတတ်သည်။ သို့မဟုတ် ကထိန်ရသော ဘုန်းကြီးသည် ထိုပစ္စည်းတွေကို ရောင်း၍ လူထွက်လေပြီဟု ကြားရတတ်သည်။ သို့မဟုတ် နီးစပ်ရာ ဒကာ ဒကာမများနှင့် ဆွေမျိုးဉာတိတို့ ခွဲဝေယူတတ်ကြ၏ ။ သံဃာများသော်လည်းသံဃာကို ဝေလေ့မရှိသော ပုဂ္ဂိုလ်ကြီးများ ကထိန်ရရာ၌လည်း ဤနည်းနှင်နှင်တည်း။
ထိုချို့ယွင်းချက်များ မဖြစ်စေကာမူ ပဒေသာပင်၌ပါလာသော စောင်၊ ကော်ဇော၊ ခြင်ထောင်၊ နာရီ၊ စားပွဲ နှင့် ကုလားထိုင် စသောအလှအပ အခမ်းအနားတွေကို သိမ်းဆည်းရ နေရာချထားရသဖြင့် နဂိုက တရားနှင့် စာပေနှင့် နေသော အရှင်မြတ်တို့မှာ အနှောင့်အယှက် သဖွယ် ဖြစ်နေတော့၏ ။ ထို့ပြင် ဘာသာရေး ကိစ္စဆို၍ တခြိမ့်ခြိမ့်ကျင်းပကာ အတီးအမှုတ်မြိုင်စွာနှင့် လှူဒါန်းရန် သွားကြခြင်းမှာလည်း အလွန်တိတ်ဆိတ်ခြင်းကို လိုလားတော်မူ၍ တောကျောင်းများ၌သာ မွေ့လျှော်တော်မူသော ဗုဒ္ဓရှင်တော်၏ အလိုကိုမဆိုထားဘိ၊ ယခုခေတ် သူတော်၊ သူမြတ်တို့၏ အလိုမျှလည်း မကျချေ။

ကထိန်ပြုပြင်ရေး
ဤ ဖော်ပြခဲ့သော အပြစ်များကို နားလည်ကြကုန်သော ဗုဒ္ဓဥပါသကာ၊ ဥပါသိကာမတို့သည် ဒူးနေရာဒူး တော်နေရာတော် ဆိုသလိုဘာသာရေးကိစ္စ၌ ပွဲလမ်းသဘင် အပျော်အပါးကိုလည်း ရှောင်ရှားဖို့ရန် တောင်ပန်လိုပါသည်။ မိမိတို့ အလှူဝတ္ထုနှင့် ကျောင်းမှာအသုံးတည့်မတည့်၊ အသုံးတည့်ပြန်လျှင် သာသနာရေးဆိုင်ရာ ပရိယတ် ပဋိပတ်ကို အားပေးရာ ရောက်မရောက်ကိုလည်းကောင်း၊အကျိုးမများလှသော အသုံးအဆောင် ပစ္စည်းများအတွက် နိုင်ငံခြားသို့ တိုင်းပြည်မှ ငွေများ မထွက်စေဖို့ကိုလည်းကောင်း သတိပြုစေ
လိုသည်။ထို့ကြောင့် ကထိန်ခေတ်ရောက်၍ လှူတော့မည်ကြံလျှင် သင်္ကန်းအလှူသည် ဗုဒ္ဓရှင်တော်၏ ပထမ ရည်ရွယ်တော်မူချက်ဖြစ်ကြောင်းသတိပြု၍ ကျောင်းတိုက်သံဃာများ သင်္ကန်းအခြေအနေကို စဉ်းစားသင့်၏ ။ စဉ်းစားရုံနှင့် မပြီးနိုင်ပါလျှင် ပြည့်စုံ မပြည့်စုံ မေးမြန်းလျှောက်ထားသင့်၏ ။ ထို့နောက် တတ်နိုင်သေးလျှင်ကား ဖိနပ်အတွက်စဉ်းစားသင့်၏။ထိုပစ္စည်းများပြည့်စုံကြသည်ဟုဆိုလျှင်ဆောင်းဝင်တော့မည်ဖြစ်၍ခြုံထည်စဉ်းစား
သင့်၏ ။ ဖျင်ဧကသီသည် အလွန်အသုံးဝင်သော ခြုံထည်ဖြစ်နိုင်၏ ။ ဖျင်ဧကသီ ကျကျနန ဆိုလျှင် ရုံ၍ ဖြစ်၊ ရန်း၍ ဖြစ်၊ ဆောင်းအခါတွင် ခြုံစရာလည်းဖြစ် တစ်ချက်ခုတ် သုံးချက်ပြတ်အကျိုးရမည်။
ထို့ထက်ပိုလျှင်လည်း ပရိယတ်ကို အားပေးရာရောက်အောင် စာအုပ်၊ ခဲတံ၊ မှင်အိုး အစရှိသည်ကိုလည်းကောင်း၊ ခပ်မြန်မြန် အသုံးဝင်မည့် ကျမ်းစာအုပ်ကိုလည်းကောင်း စဉ်းစားသင့်၏ ။ ထို့ထက် ပိုပြန်လျှင် နေ့စဉ် အသုံးဝင်နိုင်သော ပရုတ်ဆီ၊ လျှက်ဆား၊ဝမ်းနုတ်ဆေး စသော ဆေးများကိုလည်းကောင်း၊ သပိတ်ဆေး၊ အဝတ်လျှော်၊ ရေချိုးရန် ဆပ်ပြာကိုလည်းကောင်း စဉ်းစားသင့်၏ ။ထိုမှတစ်ပါး လူအများမြင်၍ သင့်တော်သော ကျန်းမာရေးလည်း ညီညွတ်သော အခြားအသုံးအဆောင် လိုရာကိုလည်း စဉ်းစားသင့်၏။ဆွမ်းကို မကျွေးသော်လည်း ကိစ္စမရှိ၊ စာသင်တိုက်ဖြစ်လျှင် ဆွမ်းကျွေးမည့်အစား ဆန်၊ ဆီ စသည်က သာ၍ အသုံးဝင်၏ ဤသို့စသည်ဖြင့် ကထိန် အလှူဒါနကို ကာလဒေသလိုက်၍ ထိုက်သင့်သလို သာသနာအားပေးသော ကုသိုလ်ဖြစ်အောင် အနာဂတ်ကာလ၌ ကုသိုလ်ဖြစ်အောင် ကျေကျေနပ်နပ် ပြုပြင်ကြပါကုန်။

No comments:

Post a Comment

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~