Monday, December 20, 2010

သုဓာဘုတ်

နတ်သုဒ္ဓါ
ဟု လူတို့ခေါ်ကြ ရေးကြသော်လည်း စာအရ-သုဓာ-သုဓာဘုတ်-ဟု ဆိုပါသည်။ ၄င်းမှာ နတ်တို့၏ရှေးကောင်းမှု အားလျော်စွာ မိမိဗိမာန်အနီး၌ ပေါ်ပေါက်လာသော ဒေ၀ဒုမမည်သော သစ်ပင်၏ အသီးအပွင့်တို့ ဖြစ်သည်။
ထိုသစ်ပင်မှသီးသော အသီးသည် သုဓာဘုတ်ပင် ဖြစ်သည်။ အပွင့်မှဖြစ်သည့် ပျားလပို့ကဲ့သို့သော ၀တ်ရက်သည် ပီယူသမည်၏။ ထိုသုဓာဘုတ်၊ ပီယူသ တို့ကား သိမ်မွေ့သော အတွေ့အရသာ သြဇာကြီးလှ သောကြောင့် နတ်၏ ကိုယ်ခန္ဓာကို အထောက်အပံ့ပြုလျက်သာ ပျံ့နှံ့၏။ ကျင်ကြီး ကျင်ငယ် မဖြစ်ပေ။ ဤသုဓာဘုတ်၊ ပီယူသတို့ကား တစ်ဘုံထက် တစ်ဘုံ သိမ်မွေ့ကောင်းမွန်သဖြင့် အထက်ဆုံးဖြစ်သော ၀သ၀တ္တီ ဘုံ၌ကား အသာလွန်၊ အကောင်းမွန်ဆုံးဖြစ်တော့သည်ဟု (သာရသင်္ဂဟ)ကျမ်း၌ ဆိုပေသည်။

No comments:

Post a Comment

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~